မိခင်အသက်ကို မဖြစ်မနေ ကယ်တင်ဖို့ လိုအပ်တဲ့ အခြေအနေကလွဲလို့ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။ သားပျက်သားလျှောဖြစ်တဲ့ အမျိုးသမီးတွေကို ပြန်လည်ကုသဖို့ အတွက် အခြေခံအဆင့်နဲ့ ပြည်နယ်တိုင်းအဆင့်မှာ လုပ်ဆောင်လို့ရပြီး အမေရိကန်ဒေါ်လာ ၇၀ ကနေ ၃၀၀ အတွင်း ကုန်ကျနိုင်ပါတယ်။
ကိုယ်ဝန်ဖျက်ချတာက မြန်မာနိုင်ငံမှာ တရားမဝင်ပါဘူး။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတစ်ရပ်အနေနဲ့ ပါဝင်တဲ့ တစ်ချက်ကတော့ ရှိပါတယ်။
မည်သို့ပင်ဖြစ်စေ လူတစ်ယောက်က အမျိုးသမီးတစ်ဦးကို ကိုယ်ဝန်ဖျက်ချပေးတာ၊ အမျိုးသမီးကိုယ်တိုင်က မိမိဖာသာ ဖျက်ချတာတွေက ထောင်ဒဏ် ၃ နှစ်ထပ်ပိုသော ဒါမှမဟုတ် ငွေဒဏ် ကို ပြစ်ဒဏ်အဖြစ် ချမှတ်ခံရနိုင်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဖျက်ချပေးသည့် ဆရာဝန်သည် ဆေးကုသခွင့်လက်မှတ် ရုတ်သိမ်းခံရတဲ့အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ 2
မြန်မာနိုင်ငံမှာတော့ ခွဲစိတ်ပြီး ဖျက်ချတာ ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ ဆေးပေးပြီး ဖျက်ချတာ နှစ်မျိုးလုံး ပြုလုပ်ကြပါတယ်။
သားပျက်သားလျှောဖြစ်တာကို စောင့်ရှောက်ကုသပေးတဲ့ ဝန်ဆောင်မှုက အစိုးရဆေးရုံတွေက ရရှိနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်ဖျက်ချလို့ ဒါမှမဟုတ် သားပျက်သားလျှောဖြစ်လို့ ကုသမှု ခံယူရတာက မြန်မာ့လူ့အဖွဲ့အစည်းမှာ ကဲ့ရဲ့ ခံရစရာဖြစ်လို့ အမျိုးသမီးအများစုက ဒီဝန်ဆောင်မှုကို အလွယ်တကူ ရယူဖို့အတွက် စိန်ခေါ်မှုတွေကတော့ ရှိနေစဲဖြစ်ပါတယ်။3
မြန်မာနိုင်ငံ အောက်ပါနေရာများတွင် သားပျက်သားလျှောကုသမှု ခံယူနိုင်ပါတယ်။4
မယ်ရီစတုပ် အင်တာနေရှင်နယ် (Marie Stopes International) နှင့် အိုင်ပက်စ် (Ipas) တို့လို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကလည်း ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လုံလောက်တဲ့ဝန်ဆောင်မှုတွေ ရရှိစေရန် သင်တန်းပေးတာတွေ လိုအပ်တဲ့အကူအညီတွေ ရရှိစေရန် လုပ်ဆောင်နေကြပါတယ်။
အရည်အသွေးပြည့်မီတဲ့ သားပျက်သားလျှော ပြုစုကုသတဲ့ ဝန်ဆောင်မှု ရရှိစေရန်အတွက် လိုအပ်တဲ့ အစီအစဉ်တွေ အဆင့်သတ်မှတ်ချက်တွေ ဆွေးနွေးလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံကျန်းမာရေး ဝန်ကြီးဌာက ၂၀၁၅ ခုနှစ် သားပျက်သားလျှောကုသခြင်းဆိုင်ရာ လမ်းညွှန်ချက်မှာ ဖော်ပြထားပါတယ်။ သားပျက် သားလျှောဖြစ်တဲ့ အမျိုးသမီးတွေကို ပြန်လည်ကုသဖို့ အတွက် အခြေခံအဆင့်နဲ့ ပြည်နယ်တိုင်းအဆင့်မှာ လုပ်ဆောင်လို့ရပါတယ်။5
လုပ်ဆောင်ပေးတဲ့ ဆေးရုံဆေးခန်း ဝန်ဆောင်မှုအပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၇၀ ကနေ ၃၀၀ လောက်ထိကုန်ကျနိုင်ပါတယ်။
မီဆိုဖမ်း (Miso-Fem) အမှတ်တံဆိပ် မီဆိုပရိုစတော (Misoprostol) သာရရှိနိုင်ပါတယ်။
မီဆိုပရိုစတော (Misoprostol) ကို ဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ ဒီဆေးဝါးတွေက ကိုယ်ဝန်ဖျက်ချတာ ဒါမှမဟုတ် သားပျက်သားလျှောကုသတဲ့နေရာ အပြင် တခြားကုသနိုင်တဲ့ ရောဂါတွေ ရှိပါတယ်။
လွယ်လွယ်ကူကူဝယ်နိုင်တဲ့ အမှတ်တံဆိပ်ကတော့ Miso-Fem တံဆိပ်ဖြစ်ပါတယ်။ ဆေးကဒ်ပုံပြရန်
ဤဝက်ဘ်ဆိုက်ကို တိကျမှန်ကန်စွာ လည်ပတ်စေရန် အမည်မသိသော ကွတ်ကီးများနှင့် အမျိုးမျိုးသော တတိယပါတီ ဝန်ဆောင်မှုများကို လိုအပ်နိုင်ပါသည်။ ကျွန်ုတို့၏ စည်းမျဉ်းစည်းကမ်းများနှင့် and ကိုယ်ရေးလုံခြုံမှုမူဝါဒများကို သင်ဖတ်ရှုနိုင်ပါသည်။ ဆက်လက်၍ ဤဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းဖြင့် သင့်အနေဖြင့် ၎င်းတို့သည် သင့်အပေါ်အကျိုးသက်ရောက်မှုကို ခွင့်ပြုထားပြီးဖြစ်ပါသည်။'