ကိုယ်ဝန်ဖျက်ချဆေးကို ဘယ်လိုအသုံးပြုမလဲ

သန္ဓေသားဖျက်ချရန် အသုံးပြုသော ဆေးနှစ်မျိုး ရှိသည် – mifepristone နှင့် misoprostolတို့ ဖြစ်ကြသည်။ ဆေးပြားသုံး သန္ဓေသားဖျက်ချခြင်းတွင် ဤဆေးနှစ်မျိုးကို တစ်ပြိုင်တည်းမှီဝဲပါက ပိုပြီး ထိရောက်သည်။ အကယ်၍ mifepristone ကို မရရှိပါက misoprostol တစ်မျိုးတည်းလည်း ကိုယ်ဝန်ဖျက်ချရန် ထိရောက်ပြီး ဘေးကင်းစိတ်ချရပါသည်။

Mifepristone နှင့် misoprostol သို့မဟုတ် misoprostol တစ်မျိုးတည်းဖြင့် စိတ်ချစွာ သန္ဓေသားဖျက်ချခြင်းလမ်းညွှန်ချက်များကို နားလည်အောင်ကြိုးစားရန်မှာ သင်တို့၏ ရွေးချယ်စရာဖြစ်ပါသည်။

Mifepristone နှင့် Misoprostol
Misoprostol တစ်မျိုးတည်း အသုံးပြုခြင်း
How to Use

မသုံးဆောင်မီ Before Using The Pills တွင် ပါရှိသော ကျွန်ုပ်တို့၏ အကြံပြုချက်များကို ဖတ်ရှုပါ။ သေချာပါစေ-

Mifepristone နှင့် misoprostolကို သုံးဆောင်ပြီး သန္ဓေသားဖျက်ချရန် လမ်းညွှန်ချက်များ

Mifepristone နှင့် Misoprostolကို သုံးဆောင်ပြီး သန္ဓေသားဖျက်ချရန် သင့်တွင် mifepristone 200mg တစ်လုံးနှင့် misoprostol 200mcg ဆေးပြား လေးလုံးမှု ရှစ်လုံးအထိ သောက်ပေးရန် လိုအပ်ပါသည်။ နာကျင်မှုများသက်သာစေရန် ibuprofenကဲ့သို့သော အကိုက်အခဲပျောက်ဆေးကိုလည်း သောက်သုံးနိုင်ပါသည်။ သန္ဓေသားဖျက်ချနေစဉ်အတွင်း acetaminophen နှင့် paracetamolတို့ အလုပ်မလုပ်သောကြောင့် ၎င်းတို့ကို မသုံးဆောင်သင့်ပါ။

ကိုယ်ဝန်ဖျက်ချစေရန် mifepristone နှင့် misoprostolကို ပူးတွဲ သောက်သုံးနည်း-

အဆင့် 1:

Mifepristone 200mg တစ်လုံး ရေဖြင့်မျိုချပါ။

အဆင့် 2:

24-48 နာရီစောင့်ဆိုင်းပါ။

အဆင့် 3:

Misoprostol ၄ လုံး (200 mcg စီ)ကို အရည်ဖျော်သွားသည်အထိ သင့်လျှာအောက်တွင် မိနစ်သုံးဆယ်ခန့်ထည့်ထားပါ။ ထိုမိနစ်သုံးဆယ်အတွင်း သင်သည် စကားမပြောသင့်သလို တစ်ခုခု စားမပေးသင့်သောကြောင့် အနှောင့်အယှက်ကင်းသော စိတ်ငြိမ်ရာနေရာတွင် နေသင့်သည်။ မိနစ်သုံးဆယ်ကြာပြီးနောက် ရေအနည်းငယ်သောက်ပေးပြီး ဆေးပြားကြွင်းကျန်ဟူသမျှကို မျိုချပါ။ ဗိုက်အောင့်နိုင်သောကြောင့် ibuprofenကဲ့သို့သော အကိုက်အခဲပျောက်ဆေးကို သောက်ပေးသင့်ပါသည်။

Misoprostol ၄ လုံး သောက်ပေးပြီး ၃ နာရီအတွင်း သင့်တွင် သွေးဆင်းခြင်းနှင့် ဗိုက်အောင့်ခြင်း စတင်နိုင်ပါသည်။

အဆင့် 4:

Misoprostol ၄ လုံး သောက်ပေးပြီး ၂၄ နာရီအတွင်း သွေးမဆင်းလျှင် သို့မဟုတ် သင့်တွင် သန္ဓေသားဖျက်ချခြင်းအပေါ် သံသယရှိလာလျှင် သင့်လျှာအောက်တွင် နောက်ထပ် Misoprostol ၄ လုံးကို ထည့်ထားပါ။ ၎င်းတို့ အရည်ဖျော်သွားသည်အထိ မိနစ် ၃၀ ခန့် ဆောင်းထားပါ။ မိနစ်သုံးဆယ်ကြာပြီးနောက် ရေအနည်းငယ်သောက်ပေးပြီး ဆေးပြားကြွင်းကျန်ဟူသမျှကို မျိုချပါ။

Mifepristone နှင့် Misoprostol အသုံးပြုပြီး သန္ဓေသားဖျက်ချရာတွင် အခြားသော ထည့်သွင်းစဉ်းစားစရာများ

Mifepristone နှင့် misoprostolသောက်သုံးပြီးနောက် ဖြစ်ပေါ်လာနိုင်သော အခြေအနေများအကြောင်းကို ဤနေရာတွင် ကြည့်ရှုပါ။

အကယ်၍ ဆိုးဆိုးရွားရွား ဗိုက်အောင့်နေလျှင် သက်သာစေရန် ibuprofen သည် အကောင်းဆုံးဖြစ်သည်။ နိုင်ငံအများအပြားတွင် 200 mg အာနိသင်ရှိ ibuprofen ဆေးပြားကို ကောင်တာမှ (ဆေးစာမပါပဲ) ဝယ်ယူနိုင်ပါသည်။ ဆေးပြား ၃-၄ လုံး (200 mg စီ)ကို ၆-၈ နာရီကြား သောက်ပေးနိုင်ပါသည်။ အကိုက်အခဲ သက်သာမှုရစေရန် အခြားအရာများ ထပ်ဆောင်းလိုအပ်လာပါက Tylenol (325 mg) ဆေးပြား ၂ လုံးကိုလည်း ၆-၈ နာရီကြား သောက်ပေးနိုင်ပါသည်။

သန္ဓေသားဖျက်ချခြင်းလုပ်စဉ်အတွက် စိုးရိမ်ပူပန်နေရပြီး ထပ်ဆောင်းအထောက်အပံ့များလိုအပ်လာပါက www.safe2choose.orgwww.womenhelp.org သို့မဟုတ် www.womenonweb.org တွင် ကျွန်ုပ်တို့၏ မိတ်သင်္ဂဟများကို ရှာတွေ့နိုင်ပါသည်။

အကယ်၍သင်သည် သန္ဓေသားဖျက်ချဆေး mifepristone နှင့် misoprostolကို အသုံးပြုခဲ့သော် သေချာသည်မှာ နောက်ဆက်တွဲပြသရန် ကျန်းမာရေးအစောင့်အရှောက်ပေးသူ လိုအပ်လိမ့်မည် မဟုတ်ပါ။ ၎င်း ဆေးဝါးများသည် ထိရောက်မှုရှိသောကြောင့် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က အောက်ဖော်ပြပါ ရောဂါလက္ခဏာများရှိမှသာလျှင် နောက်ဆက်တွဲပြသရန် အကြံပြုပါသည်-

  • နာမကျန်းဖြစ်လာလျှင် သို့မဟုတ် ၂ ရက် သို့မဟုတ် ၃ ရက်ကြာသည်အထိ အကိုအခဲ မသက်သာလာခြင်း။ ဤကဲ့သို့ဖြစ်ခဲ့လျှင် ချက်ချင်း ဆရာဝန်နဲ့ ဆေးနွေးသင့်သည်။
  • သန္ဓေသားဖျက်ချဆေးသုံးဆောင်ပြီး နှစ်ပတ်အထိ ကိုယ်ဝန်ဆောင်လက္ခဏာခံစားရခြင်း။
  • နှစ်ပတ်ကြာပြီးသည်အထိ သွေးဆင်းများပြီး သက်သာလာမှုမရှိခြင်း။

Misoprostol တစ်မျိုးတည်းဖြင့် သန္ဓေသားဖျက်ချရန် လမ်းညွှန်ချက်များ

မသုံးဆောင်မီ Before Using The Pills တွင် ပါရှိသော ကျွန်ုပ်တို့၏ အကြံပြုချက်များကို ဖတ်ရှုပါ။ သေချာပါစေ-

အကယ်၍ mifepristone ဆေးပြားကို မရရှိပါက ကိုယ်ဝန်ဖျက်ချရန် misoprostol တစ်မျိုးတည်းကို အသုံးပြုနိုင်ပါသည်။

misoprostol တစ်မျိုးတည်းဖြင့် သန္ဓေသားဖျက်ချရန် သင်သည် 200mcg အာနိသင်ရှိသော misoprostol ဆေးပြား ၁၂ လုံးကို သောက်ပေးရန် လိုအပ်ပါလိမ့်မည်။ နာကျင်မှုများသက်သာစေရန် ibuprofenကဲ့သို့သော အကိုက်အခဲပျောက်ဆေးကိုလည်း သောက်သုံးနိုင်ပါသည်။ သန္ဓေသားဖျက်ချနေစဉ်အတွင်း acetaminophen နှင့် paracetamolတို့ အလုပ်မလုပ်သောကြောင့် ၎င်းတို့ကို မသုံးဆောင်သင့်ပါ။

ကိုယ်ဝန်ဖျက်ချစေရန် misoprostol တစ်မျိုးတည်းကို သောက်သုံးနည်း-

အဆင့် 1:

Misoprostol ၄ လုံး (200 mcg စီ)ကို အရည်ဖျော်သွားသည်အထိ သင့်လျှာအောက်တွင် မိနစ်သုံးဆယ်ခန့်ထည့်ထားပါ။ ထိုမိနစ်သုံးဆယ်အတွင်း သင်သည် စကားမပြောသင့်သလို တစ်ခုခု စားမပေးသင့်သောကြောင့် အနှောင့်အယှက်ကင်းသော စိတ်ငြိမ်ရာနေရာတွင် နေသင့်သည်။ မိနစ်သုံးဆယ်ကြာပြီးနောက် ရေအနည်းငယ်သောက်ပေးပြီး ဆေးပြားကြွင်းကျန်ဟူသမျှကို မျိုချပါ။ ဗိုက်အောင့်နိုင်သောကြောင့် ibuprofenကဲ့သို့သော အကိုက်အခဲပျောက်ဆေးကို သောက်ပေးသင့်ပါသည်။

အဆင့် 2:

3 နာရီစောင့်ပါ။

အဆင့် 3:

Misoprostol ၄ လုံး (200 mcg စီ)ကို အရည်ဖျော်သွားသည်အထိ သင့်လျှာအောက်တွင် မိနစ်သုံးဆယ်ခန့်ထည့်ထားပါ။

အဆင့် 4:

3 နာရီစောင့်ပါ။

အဆင့် 5:

နောက်ထပ် misoprostol ၄ လုံး (200 mcg စီ)ကို အရည်ဖျော်သွားသည်အထိ သင့်လျှာအောက်တွင် မိနစ်သုံးဆယ်ခန့်ထည့်ထားပါ။

ထိုဆေးပြားများ သုံးဆောင်နေစဉ် သင့်တွင် သွေးဆင်းခြင်းနှင့် ဗိုက်အောင့်ခြင်းများ စတင်နိုင်ပါသည်။ အကယ်၍ ဆေးသောက်နေစဉ် သွေးဆင်းစပြုလာလျှင်တောင်မှ ဆေးပြား ၁၂ ပြားစလုံးမဖြစ်မနေသောက်ပေးရမည်။

Misoprostolသုံးပြီး သန္ဓေသားဖျက်ချရာတွင် အခြားစဉ်းစားစရာအချက်များ-

Misoprostolသောက်သုံးပြီးနောက် ဖြစ်ပေါ်လာနိုင်သော အခြေအနေများအကြောင်းကို ဤနေရာတွင် ကြည့်ရှုပါ။

အကယ်၍ ဆိုးဆိုးရွားရွား ဗိုက်အောင့်နေလျှင် သက်သာစေရန် ibuprofen သည် အကောင်းဆုံးဖြစ်သည်။ နိုင်ငံအများအပြားတွင် 200 mg အာနိသင်ရှိ ibuprofen ဆေးပြားကို ကောင်တာမှ (ဆေးစာမပါပဲ) ဝယ်ယူနိုင်ပါသည်။ ဆေးပြား ၃-၄ လုံး (200 mg စီ)ကို ၆-၈ နာရီကြား သောက်ပေးနိုင်ပါသည်။ အကိုက်အခဲ သက်သာမှုရစေရန် အခြားအရာများ ထပ်ဆောင်းလိုအပ်လာပါက Tylenol (325 mg) ဆေးပြား ၂ လုံးကိုလည်း ၆-၈ နာရီကြား သောက်ပေးနိုင်ပါသည်။

သန္ဓေသားဖျက်ချခြင်းလုပ်စဉ်အတွက် စိုးရိမ်ပူပန်နေရပြီး ထပ်ဆောင်းအထောက်အပံ့များလိုအပ်လာပါက www.safe2choose.orgwww.womenhelp.org သို့မဟုတ် www.womenonweb.org တွင် ကျွန်ုပ်တို့၏ မိတ်သင်္ဂဟများကို ရှာတွေ့နိုင်ပါသည်။

အကယ်၍သင်သည် misoprostolကို အသုံးပြုခဲ့သော် သေချာသည်မှာ နောက်ဆက်တွဲပြသရန် ကျန်းမာရေးအစောင့်အရှောက်ပေးသူ လိုအပ်လိမ့်မည် မဟုတ်ပါ။ ၎င်း ဆေးဝါးများသည် ထိရောက်မှုရှိသောကြောင့် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က အောက်ဖော်ပြပါ ရောဂါလက္ခဏာများရှိမှသာလျှင် နောက်ဆက်တွဲပြသရန် အကြံပြုပါသည်-

  • နာမကျန်းဖြစ်လာလျှင် သို့မဟုတ် ၂ ရက် သို့မဟုတ် ၃ ရက်ကြာသည်အထိ အကိုအခဲ မသက်သာလာခြင်း။ ဤကဲ့သို့ဖြစ်ခဲ့လျှင် ချက်ချင်း ဆရာဝန်နဲ့ ဆေးနွေးသင့်သည်။
  • သန္ဓေသားဖျက်ချဆေးသုံးဆောင်ပြီး နှစ်ပတ်အထိ ကိုယ်ဝန်ဆောင်လက္ခဏာခံစားရခြင်း။
  • နှစ်ပတ်ကြာပြီးသည်အထိ သွေးဆင်းများပြီး သက်သာလာမှုမရှိခြင်း။

စာရေးသူများ-

  • ဤဝဘ်ဆိုက်တွင် ဖော်ပြထားသည့် အကြောင်းအရာအားလုံးကို အပြည်ပြည်ဆိုင်ရာ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ အဖွဲ့အစည်း၊ Ipas၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ DKT International နှင့် carafem တို့ထံမှ စံနှုန်းများ၊ ပရိုတိုကောများနှင့်အညီ HowToUseAbortionPill.org အဖွဲ့မှ ရေးသားထားခြင်းဖြစ်ပါသည်။
  • အပြည်ပြည်ဆိုင်ရာ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ အဖွဲ့အစည်း (NAF) သည် မြောက်အမေရိကရှိ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသူများပါဝင်သော ပရော်ဖက်ရှင်နယ်အဖွဲ့အစည်း ဖြစ်ပြီး၊ ပရိုရွေးချယ်မှုဆိုင်ရာ လှုပ်ရှားမှုတွင် ဦးဆောင်သူဖြစ်ပါသည်။ HowToUseAbortionPill.org ရှိ အကြောင်းအရာသည် NAF မှထုတ်ပြန်သော 2020 ဆေးဝါးစမ်းသပ်မှုဆိုင်ရာမူဝါဒ လမ်းညွှန်ချက်များ နှင့်အညီ ဖြစ်ပါသည်။
  • Ipas သည် ဘေးကင်းသော ကိုယ်ဝန်ဖျက်ချခြင်းနှင့် သန္ဓတားခြင်းဆိုင်ရာ စောင့်ရှောက်မှုကို ပိုမိုကျယ်ပြန့်စွာ ရရှိစေခြင်းပေါ်တွင်သာ အာရုံစိုက်သည့် တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါသည်။ HowToUseAbortionPill.org ရှိအကြောင်းအရာသည် Ipas မှထုတ်ပြန်သော မျိုးဆက်ပွားကျန်းမာရေး 2019 ရှိ ဆေးဝါးစမ်းသပ်မှုအပ်ဒိတ်များ နှင့်အညီ ဖြစ်ပါသည်။
  • ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) သည် နိုင်ငံတကာရှိ အများပြည်သူကျန်းမာရေးအတွက် တာဝန်ရှိသော ကုလသမဂ္ဂ၏ အထူးအေဂျင်စီတစ်ခု ဖြစ်ပါသည်။ HowToUseAbortionPill.org ရှိအကြောင်းအရာသည် WHO မှထုတ်ပြန်သော 2012 ဘေးကင်းသော ကိုယ်ဝန်ဖျက်ချခြင်း- ကျန်းမာရေးစနစ်များအတွက် နည်းပညာဆိုင်ရာနှင့် မူဝါဒ လမ်းညွှန်ချက် နှင့်အညီ ဖြစ်ပါသည်။
  • DKT International သည် မိသားစုအစီအစဉ်ဆွဲခြင်း၊ HIV/AIDS ကာကွယ်တားဆီးခြင်းနှင့် ဘေးကင်းသော ကိုယ်ဝန်ဖျက်ချခြင်းအတွက် အကြီးမားဆုံးလိုအပ်ချက်အချို့ပေါ်ရှိ ဆိုရှယ်မားကတ်တင်း၏စွမ်းအားပေါ်တွင် အာရုံစိုက်ရန် 1989 ၌ ဖွဲ့စည်းခဲ့သော မှတ်ပုံတင်ထားသည့် ကိုယ်ကျိုးမဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
  • carafem သည် လူများအနေဖြင့် ၎င်းတို့၏ ကလေးအရေအတွက်ကို သတ်မှတ် ထိန်းချုပ်နိုင်စေရန် အဆင်ပြေပြီး ပရော်ဖက်ရှင်နယ်ဆန်သော ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ စောင့်ရှောက်မှုနှင့် မိသားစုအစီအစဉ်ဆွဲခြင်းတို့ကို ဖြည့်ဆည်းပေးသည့် ဆေးဝါးကွန်ရက်ဖြစ်ပါသည်။

စာကိုးများ-

HowToUseAbortionPill.org သည် အမေရိကန်အခြေစိုက် မှတ်ပုံတင်ထားသော 501c(3) အကျိုးအမြတ်မယူသော အဖွဲ့အစည်းနှင့် ဆက်စပ်သည်။
HowToUseAbortionPill.org တွင် ပံ့ပိုးတင်ပြထားသော အကြောင်းအရာများသည် သတင်းအချက်အလက်ပေးရန်အတွက်သာ ရည်ရွယ်ထားပြီး ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတခုခုနှင့် မသက်ဆိုင်ပါ။

Women First Digital မှ အားဖြည့်ထားသော